သတင်းများ

ခန္တီးမြို့တွင် အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်း နည်းပညာ(ကာလတို) သင်တန်းဖွင့်လှစ်
Nov 15,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း၏ အစည်းအဝေးခန်းမတွင် အိမ်တွင်းလျှပ်စစ် သွယ်တန်းခြင်း နည်းပညာ (ကာလတို) သင်တန်းဖွင့်ပွဲအခမ်းအနား ကို ယမန်နေ့ နေ့လယ် (၂) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မေတ္တာမြို့ လူထုအခြေပြု​ဗဟိုဌာန(Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်
Nov 15,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Commu nity Centre) ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အသင်းနှင့် ပူးပေါင်း၍ နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေ ၃ နာရီအချိန်က စာရေးဆရာ ကိုကိုလင်း(အမေ့အိမ်) ရေးသားထုတ်ဝေထားသည့်”လူ​ကြီးတွေက စပြင်ပါစာအုပ်ဖြင့် အသိပညာပေး စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြောင်းမြမြို့၌ စာဖတ်ရှိန်မြင့်မားလာရေးအတွက် Mobile Library Bus ဖြင့် ဌာနဆိုင်ရာများ/ကျောင်းများအရောက် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး
Nov 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သော ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ စာပေနှင့်စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေ ငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့အတွက် (Mobile Library Bus) ဖြင့် ယမန်နေ့ နံနက်က လေ့ကျင့်ရေးအလယ်တန်းကျောင်း၊ အ.မ.က(ကုန်းသာ)နှင့် ခရိုင်စိုက်ပျိုးရေးရုံးသို့ သုတရသ စာအုပ်စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက် ငှားရမ်းပေးခဲ့ကြသည်။
(၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို မြို့နယ်အဆင့် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲများကျင်းပ
Nov 15,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်တွင် ၁၀၂ နှစ်မြောက် အမျိုးသားအောင်ပွဲ‌နေ့ အထိမ်းအမှတ်အကြို မြို့နယ်အဆင့် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲများအား ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်ရှိ ကျေးရွာ(၄)ရွာအား ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေး
Nov 14,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ၂၀၂၂ခုနှစ်၊ ဆောင်းသီးနှံ စိုက်ပျိုးတောင်သူများအား သီးနှံစိုက်ပျိုးရာသီအမီ စိုက်ပျိုးစရိတ်လုပ်ငန်း အဆင်ပြေစေရေးအတွက် ယနေ့နံနက်ကချောင်းဆုံမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲတွင်ဒေါင်းရပ်အရှေ့၊ ဒေါင်းရပ်အနောက်၊ ကရင်ဝင်းစိန်နှင့် စော်ကဲကျေးရွာရှိ တောင်သူများအား ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေးခဲ့သည်။
မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးအတွက် မီး‌ဘေးလုံခြုံရေးစဉ်ဆက် မပြတ်ကွင်းဆင်း စစ်ဆေးဆောင်ရွက်
Nov 14,2022
မော်လမြိုင်မြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက်မီး‌ဘေးလုံခြုံရေး စစ်ဆေးအကြံပြုခြင်းကို ယမန်နေ့က အမှတ်(၁) ဈေးကြီးအတွင်း၌ စဉ်ဆက်မပြတ် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန  Community Centre ၌ (၁၀၂)နှစ်မြောက်၊ အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်းကျင်းပ
Nov 14,2022
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျရောက်သည့် (၁၀၂)နှစ်မြောက်၊ အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌  ယနေ့နံနက် ၁၀ နာရီက  စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
ပုဗ္ဗသီရိမြို့နယ်တွင် စိုက်ပျိုးရေးသပြေ(သပြေနီ)များ ဈေးကောင်းရရှိ
Nov 14,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ စိုက်ပျိူးရေးသပြေ(သပြေအနီ)များ  ဈေးကောင်းရရှိသောကြောင့် တောင်သူများအကြား သပြေစိုက်ခြင်း ခေတ်စားလျက်ရှိပြီး အဆင်ပြေလျက်ရှိကြောင်း သိရသည်။