ရွှေကူ နိုဝင်ဘာ ၁၅
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ်စိတ်ဓာတ် ပိုမိုရင့်သန်၍ မိမိတို့နိုင်ငံ၏ နေ့ထူးနေ့မြတ်များအား အစဉ်အမြဲသတိရစေရန်၊ စာကြည့်တိုက်အား အသုံးချတတ် စေရန်ရည်ရွယ်၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ပြပွဲ၊ ပြိုင်ပွဲများကို
ယမန်နေ့နံနက် ၁၀ နာရီခန့်မှ ညနေ ၄ နာရီအထိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပြပွဲ၊ ပြိုင်ပွဲများသို့ ရွှေကူမြို့နယ် အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ တက်ရောက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ နံနက်ပိုင်း အထက်တန်းအဆင့် စိတ်ကြိုက်ကဗျာရေးသား ပြိုင်ပွဲ၌ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၂) ဦးက လည်းကောင်း၊ နေ့လည်ပိုင်း မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၌ ပြိုင်ပွဲဝင်ကျောင်းသား ကျောင်းသူ စုစုပေါင်း (၁၈) ဦး တို့က လည်းကောင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲများသို့ တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ကျောင်းသားမိဘများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံ ပြပွဲများကို စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှု့ခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)