မေတ္တာမြို့တွင် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အကြိုပန်းအလှပြုလုပ်ခြင်း ပြိုင်ပွဲ၊ အသိပညာ‌ပေးနံရံကပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲများဆောင်ရွက်

မေတ္တာ နိုဝင်ဘာ ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ပန်းအလှပြုလုပ်ခြင်းပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်း(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာ‌ပေးနံရံကပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲများကို ယမန်နေ့မွန်းလွှဲ ( ၂)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြိုင်ပွဲတွင် မေတ္တာမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး(တာဝန်ပေး) ဒေါ်အေးအေးချိုက ၁၃၈၄ - ခုနှစ်တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့တွင်ကျရောက်မည့် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲ‌နေ့အကြို အထိမ်းအမှတ်အဖြစ် လူငယ်/ လူရွယ်များအနေဖြင့် မြန်မာနိုင်ငံ၏နေ့ထူးနေ့မြတ်အကြောင်း၊ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် သိကောင်းစရာများ၊ နိုင်ငံချစ်စိတ်လူမျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာရေး၊ အမျိုးဂုဏ်ဇာတိဂုဏ်ကို ထိန်းသိမ်းကာကွယ်လိုစိတ်ရှိစေရန်၊ ဘာသာ၊ သာသနာနှင့် မိမိတို့၏ယဉ်ကျေးမှုများကိုထိန်းသိမ်းပြီး တန်ဖိုးထားတတ်စေရန်၊ အများနှင့်ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ စာကြည့်တိုက်နှင့်ပိုမိုရင်းနှီးကျွမ်းဝင်မှုရရှိလာစေရန်၊ မိမိတို့၏ကိုယ်ပိုင်အတွေးအခေါ်ဖြင့် အရာရာကိုပုံဖော်ဖန်တီးတတ်စေရန် စသည့်ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲများအားယှဉ်ပြိုင်စေခဲ့ရာ မူလတန်းအဆင့် Sunday School ကလေးငယ်(၁၁)ဦးမှ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အကောင်းဆုံးပါဝင်ယှဉ်ပြိုင်နိုင်သူများကို ကျောင်းသုံးဗလာ စာအုပ်များပေးအပ်ခဲ့သည်။

ထို့နောက် မွန်းလွဲ(၁)နာရီတွင် အမျိုးသားအောင်ပွဲနေ့နှင့်ပတ်သက်သည့် အသိပညာပးနံရံကပ်စာစောင်နှင့် မှတ်တမ်းဓာတ်ပုံများအားပြသပေးထားရာ လူငယ်များနှင့်ကလေးငယ်များက စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြကြောင်း သိရသည်

အေးအေးချို (မေတ္တာ)