မင်းကင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မြန်မာစာလုံးပေါင်း သတ်ပုံပြိုင်ပွဲ ကျင်းပ

မင်းကင်း နိုဝင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ‌ခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ညနေ ၂ နာရီအချိန်က မြန်မာစာလုံးပေါင်းသတ်ပုံပြိုင်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ကျင်ငိုက်မန်က ကျောင်းသား/ကျောင်းသူများအနေဖြင့် မြန်မာစာလုံးပေါင်းသတ်ပုံများကို အလေးထားလေ့လာ မှတ်သားတတ်စေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများထက်မြက်စေရန် ရည်ရွယ်၍ကျင်းပပေးရခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး ပြိုင်ပွဲတွင် မင်းကင်းမြို့နယ် အခြေခံပညာကျောင်းများမှ ဝါသနာရှင် ကျောင်းသား/ကျောင်းသူ(၁၂)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပါဝင်ယှဉ်ပြိုင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား လက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)