မြစ်ကြီးနား နိုဝင်ဘာ ၁၅
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်း သီရိခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပရာ မြစ်ကြီးနား ခရိုင်အခြေခံပညာဦးစီးဌာန ခရိုင် ပညာရေးမှူး ဦးရဲအောင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ကချင်ပြည်နယ် ကျန်းမာရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဒေါက်တာ လှိုင်လှိုင်ဌေးက ကျန်းမာရေးနှင့် ပတ်သက်သည်များအား အသိပညာပေး ဟောပြောခဲ့ပြီး ပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်သူက အားကစား ပစ္စည်းများအား လှူဒါန်းပေးအပ်ခဲ့သည်။
ယင်းနောက် မြစ်ကြီးနားမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်ထွန်းက လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်းကောင်း၊ ခရိုင်ဦးစီးမှူး ဦးမျိုးနိုင်က လူငယ်နှင့် ခေါင်းဆောင်မှုများကို လည်းကောင်း အသိပညာပေး ဟောပြောခဲ့ကာ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တိုက်ကွမ်ဒိုနှင့် မြန်မာ့သိုင်းသင်တန်းသူ၊ သင်တန်းသားများမှ သိုင်းပညာအားကစားနည်းများကို သရုပ်ပြ၍ ဖျော်ဖြေခဲ့သည်။
ခရိုင်(ပြန်/ဆက်)