ချီဖွေမြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ချီဖွေ နိုဝင်ဘာ ၁၅

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၌ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ(၁၇) ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို  မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာအုပ် စာစောင်ပြပွဲကို အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ယနေ့ နံနက် (၁၁)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြိုင်ပွဲ၊ ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲ ပြုလုပ်​​ပေးရခြင်းမှာ အနာဂတ်မျိုးဆက်သစ်ကလေးငယ် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သိရှိစေရန်၊ ပြည်ထောင်စု စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်၊ တိုင်းရင်းသားအားလုံး၏ စုပေါင်းအင်အားဖြင့် ပြည်ထောင်စုကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ အမျိုးဂုဏ် ဇာတိဂုဏ်ကို ထိန်းသိမ်းစောင့်ရှောက်တတ်စေရန် ရည်ရွယ်ခဲ့ပြီး အသိပညာဗဟုသုတရရှိစေမည့် အမျိုးသားနေ့ နှင့် ပတ်သတ်သည့် စာအုပ်စာစောင်များနှင့် ဗဟုသုတရရှိ​စေမည့် စာအုပ်၊ စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူ များက စိတ်ပါဝင်စားစွာ လေ့လာခဲ့ကြသည်။

ဆက်လက်၍ ကျောကင်းသား၊ ကျောင်းသူများအား ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပေးခဲ့ရာ အ-မ-က (ဥက္ကပ်) ကျောင်း၊ အ-မ-က (ဘာလဲ့)ကျောင်းနှင့် အ-မ-က(စစ်​ဘေးရှောင်-၄)ကျောင်းများမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၅) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့​ကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူ များကို ချီဖွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက ဦးစီးအရာရှိ ဦးဂွါဇာလေးနှင့် ဆရာ၊ ဆရာမတို့က ဆုများချီးမြှင့် ပေးခဲ့ကြောင်း သိရသည်။

မေခမွန်(ပြန်/ဆက်)