သံတွဲ မတ် ၇
လူငယ်လူရွယ်များ အားကစားကိုလေ့လာသင်ယူခြင်းဖြင့် ကျန်းမာကြံ့ခိုင်မှုရှိကြစေရန်နှင့် ထူးချွန်ထက်မြက်ပြီး နိုင်ငံကိုယ်စားပြုလက်ရွေးစင်အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်လျက် သံတွဲမြို့တွင် အခြေခံအားကစားသင်တန်းများကို မြို့နယ်အားကစားခန်းမတွင် ယနေ့မှစ၍ ၂ ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
နွေရာသီအခြေခံအားကစားသင်တန်းများဖြစ်သည့် ပိုက်ကျော်ခြင်း၊ ကြက်တောင်ရိုက်၊ ဘောလုံး၊ ဘတ်စကတ်ဘော၊ လက်ဝှေ့၊ ကရာတေးဒိုသင်တန်း၊ ရိုးရာခြင်းစသည့် အားကစားသင်တန်းများကို မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ နည်းပြဆရာ၊ ဆရာမများက ၂၀၂၃ခုနှစ်၊ မတ်လ(၇)ရက်နေ့မှ (၁၄)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် မည်သူမဆို (အခမဲ့)လာရောက် သင်ကြားနိုင်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်လှထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)