ရွှေသောင်ယံ မတ် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အ-ထ-က(ရွှေသောင်ယံ) စာစစ်ဌာနတွင် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရန်အတွက် ပြင်ဆင်ဆောင်ရွက်ထားမှုများ၊ စာမေးပွဲဖြေဆိုရာတွင် မီးဘေးအန္တရာယ်လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားမှုများကို ယမန်နေ့နံနက် (၁၀)နာရီက လိုက်လံစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ စစ်ဆေးဆောင်ရွက်ရာတွင် ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်နှင့် မြို့အဆင့် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရွှေသောင်ယံနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ အ-ထ-က (ရွှေသောင်ယံ) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များမှ လိုက်လံကြည့်ရှု၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြသည်။
ရွှေသောင်ယံ(ပြန်/ဆက်)