ရမည်းသင်း မတ် ၇
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်မြို့နယ်အတွင်း ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာဖြေဆိုနိုင်စေရန် အ-ထ-က (၁) ရမည်းသင်း၊ ရွာတန်းအ-ထ-က၊ သိမ်ကုန်းအ-ထ-က၊ မြို့လှ အ-ထ-ကနှင့် ရွှေဒါးအ-ထ-က စာစစ်ဌာန(၅)ခုကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ခရိုင်/မြို့နယ်ပညာရေးကော်မတီနှင့် မီးဘေးလုံခြုံရေး ကြည့်ရှု စစ်ဆေးသည်။
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးနှင့် ဘေးကင်း လုံခြုံရေးအတွက် ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးမြင့်ထွန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲဝင်များ၊ ခရိုင်မီးသတ်ဦးစီးမှူးဦးအောင်ခင်ဆင့်နှင် မီးသတ်တပ်ဖွဲ့ဝင်များ၊ စာဖြေဆောင်များသန့်ရှင်းစေရေးနှင့် လေဝင်/လေထွက်ရရှိရေး၊ မီးဘေးလုံခြုံရေး ကွင်းဆင်း စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနေချိန်တွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးနှင့် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် လျှပ်စစ်မီးကြိုးများ ဝါယာလျှော့မဖြစ်စေရေး အပါအဝင် ကျောင်းတွင်း/ပြင်သန့်ရှင်းရေးနှင့် မီးလောင်မှု/ မီးလန့်မှုများ မဖြစ်ပေါ်စေရေးအတွက် အထူးဂရုပြုဆောင်ရွက်ရမည့် မီးဘေးလုံခြုံရေး အစီအမံများကို သက်ဆိုင်ရာ ကျောင်းတာဝန်ခံများအား အကြံပြုဆွေးနွေးပြောကြားပြီး "အဆိုပါကျောင်းများ၌ မီးချိတ်/မီးကတ်နှင့် မီးသတ်ဆေးဘူးများ စနစ်တကျဆောင်ရွက်ထားရှိမှု ရှိ/မရှိ အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)