ကျိုက်မရော မတ် ၇
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ စာမေးပွဲအကြိုကာလနှင့် စာမေးပွဲဖြေဆို နေစဉ်ရက်များအတွင်း လျှပ်စစ်မီးပြတ်တောက်မှု မရှိစေရေးအတွက် ဓါတ်အားလိုအက်ချက်အရ လျှပ်စစ်မီးသုံးစွဲနေသော အသေးစား၊ အလတ်စား၊ စက်မှုလုပ်ငန်းများဖြစ်သည့် ရာဘာလုပ်ငန်း၊ ရေသန့်စက်ရုံ၊ တွင်ခုံလုပ်ငန်း ကျောက်ခွဲစက်၊ အမှုန့်ကြိတ်စက်၊ စသည့်လုပ်ငန်းများအား မတ်လ ၅ရက်မှ ၁၈ရက်နေ့အထိ နေ့စဉ် ညနေ ၆နာရီမှ နောက်တစ်နေ့နံနက် ၆:၀၀ နာရီအထိ လုပ်ငန်းများဆောင်ရွက်ခြင်း မပြုလုပ်ကြရန် မေတ္တာရပ်ခံထားကြောင်းနှင့် တာဝန်ရှိသူများမှ အခါအားလျော်စွာ လိုက်လံစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မြို့နယ်လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်းက အသိပေးသတင်းထုတ်ပြန်ထားကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)