တောင်ကုတ်မြို့၌ မီးဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဆောင်ရွက်
Feb 23,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကြိုတင်ကာကွယ်ရေးတို့အတွက် မြို့နယ်မီးသတ်ဦးစီးဌာန မှဦးစီးအရာရှိနှင့်ဝန်ထမ်းများက မြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ၊ စားသောက်ဆိုင်များ၊ စက်သုံးဆီအရောင်းဆိုင်များ၊ ဟိုတယ်၊ မိုတယ်များ၊ ဌာနဆိုင်ရာများနှင့်လူနေအိမ်များသို့သွားရောက်၍ စစ်ဆေးခြင်းနှင့်အသိပညာပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင် ရွက်လျက်ရှိရာ ယမန်နေ့နံနက်က စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။