ရသေ့တောင် ဖေဖော်ဝါရီ ၂၃
ရခိုင်ပြည်နယ် ၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက်ယနေ့ နေ့လည်၁နာရီအချိန် ကရသေ့တောင်မြို့အရှေ့မြောက်ရပ်ကွက်ရှိ မေယုရတနာဘုန်းတော်ကြီးကျောင်းတွင် ယာယီနေရပ်စွန့်ခွာသူများ စခန်းတွင်မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်းအကြံပြုစစ်ဆေးခြင်းနှင့်ဆီမီးလောင်မှုအားမီးသတ်ဆေးဘူးဖြင့်လက်တွေ့ မီးငြိမ်းသတ်ပြသခြင်းအား မြို့နယ်မီးသတဦးစီးဌာနမှ၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးလူမော်နှင့် တပ်ဖွဲ့ဝင်များအသိပညာပေး ဟောပြောခြင်းများဆောင်ရွက်ခဲ့သည်။
ထိုသို့ သရုပ်ပြခြင်းနှင့်အသိပညာပေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူးဦးလူမော်က နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်နှင့်မီးသတ်ဆေးဘူးစသည့် မီးဘေးကာကွယ်ရေး ပစ္စည်းများအား အသင့်ထားရှိရေး၊ နေအိမ်များတွင်လောင်စာဆီများသိုလှောင်ခြင်းမပြုရန်၊ အိမ်တွင်တပ်ဆင်ထားသော ဟောင်းနွမ်းလျှပ်စစ်ဝါယာကြိုးများနှင့် ပျက်စီးနေသောလျှပ်စစ်ပစ္စည်းများအား အသုံးမပြုကြရန်၊ မီးသွေးမီးဖိုဖြင့် ထမင်း၊ ဟင်းချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များအား စနစ်တကျမီးငြိမ်းသတ်ကြရန် စသည့်တို့ကိုစစ်ဆေးအကြံပေးကြသည်။
ထို့အပြင် မီးဘေးအန္တရာယ်ကင်းဝေးစေရန် ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများကိုလည်း ဟောပြောကြားခဲ့ကြကြောင်းသိရသည်။
ထွန်းလင်းကျော်(ပြန်/ဆက်)