ဗန်းမော် ဖေဖော်ဝါရီ ၂၂
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီခန့်က ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် ရွှေကူမြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူသားနှင့်သဘာဝသယံဇာတ အကြောင်း အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
အဆိုပါ Talk Show တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဲစုမိုးက ပတ်ဝန်ကျင်းထိန်းသိမ်းရေး အသိပညာပေးဆိုင်ရာများထဲမှ လူသားနှင့် သဘာဝ သယံဇာတနှင့် ပတ်သက်၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ အနာဂတ်မျှော်မှန်းချက်များ၊ ကမ္ဘာကြီးမှ ထုတ်ယူသုံးစွဲလျက်ရှိတဲ့ သဘာဝသယံဇာတ အရင်းအမြစ်များ၊ လူသားများအနေနဲ့ သဘာဝသယံဇာတ အရင်းအမြစ်ပေါ် မှီခိုနေရသည့် အကြောင်းအရင်းများ၊ သယံဇာတအရင်းအမြစ်များကို ထုတ်ယူသုံးစွဲရာတွင် လိုက်နာဆောင်ရွက်သင့်သည့် အချက်များကို မေးမြန်းဆွေးနွေးခဲ့ရာ ရွှေကူမြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းသီရိကျော်က အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး ပြည်သူများအနေဖြင့် သဘာဝ အရင်းအမြစ်များကို ထုတ်ယူသုံးစွဲရာတွင် အလွန်အကျွံ့ထုတ်ယူခြင်းနှင့် အလွဲသုံးစားပြုလုပ်ခြင်းများ ကို ရှောင်ကြဉ်ရန်နှင့် သဘာဝအရင်းအမြစ်များကို လိုအပ်သလောက် စနစ်တကျထုတ်ယူသုံးစွဲရန်နှင့် ထိရောက် စွာ ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် နောင်မျိုးဆက်များအတွက် တာဝန်သိစွာသုံးစွဲရန်နှင့် ထိန်းသိမ်းရန် လိုအပ် ပါကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်