မတ္တရာ ဖေဖော်ဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးအတွက် သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အောင်ထွန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယဦးစီးမှူး ဦးချစ်ကိုမှသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ချပြရှင်းလင်းခဲ့သည်။ ထို့နောက် သင်တန်းနည်းပြများမှသင်တန်းကို ဆက်လက်ပို့ချခဲ့ကြသည်။
အဆိုပါ သင်တန်း၌ သင်တန်းသား စာရေးဝန်ထမ်း ၂၄ ဦးအား ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့ အထိ ၅ ရက်တာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)