သတင်းများ

ကျိုင်းတောင်းမြို့ရှိ စာငှားစာဖတ် ပရိသတ်များမှ (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန် ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများကို လေ့လာကြည့်ရှု
Feb 22,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက် နံရံကပ်ပြဘုတ်တွင် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများကို ပြသဆောင်ရွက်ထားလျက်ရှိရာ ကျိုင်းတောင်းမြို့ရှိ စာငှားစာဖတ်ပရိသတ်များက လာရောက်လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ရေဖြူမြို့၊ မြို့ကွက်သစ်လမ်းသွယ်များတွင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး
Feb 22,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့၊ (ခ)ရပ်ကွက်၊မြို့ကွက်သစ် လမ်းသွယ်အမှတ်(၁)(၂)တို့အားကွန်ကရစ်ခင်းနေခြင်းကို ယနေ့နံနက်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မောက်မယ်မြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ (Grade-5)နှင့် (Grade-9)အတန်းများ နောက်ဆုံးစာမေးပွဲ စတင်ဖြေဆို
Feb 22,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ မူလတန်းဆင့်တွင် (Grade-5)နှင့် အလယ်တန်းဆင့်တွင် (Grade-9)အတန်းများ ၂၀၂၂−၂၀၂၃ ပညာသင်နှစ် နောက်ဆုံးစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ ယနေ့နံနက်၉နာရီက ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့နယ်တွင် အခြေခံပညာအလယ်တန်းနှင့်အထက်တန်းအဆင့် ကျောင်းတွင်းစစ် စာမေးပွဲများဖြေဆို
Feb 22,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းတွင်းစစ်စာမေးပွဲကို တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် ယနေ့နံနက် ၉ နာရီအချိန်မှ စတင်ဖြေဆိုလျက်ရှိရာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြကြောင်း သိရသည်။
ဆဒုံးမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Feb 22,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် စနစ်ဖြင့် စာဖတ်ပရိသတ်များထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဆဒုံးမြို့နယ်၊ ဆနာကျေးရွာ၊ လီဆူဓမ္မကျမ်းစာ ကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မင်းလှမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ (Grade - 5) နှင့် (Grade - 9) ကျောင်းသား၊ ကျောင်းသူများနှစ်ဆုံးစာမေး ပွဲစတင်ဖြေဆို
Feb 22,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက် စတုတ္တတန်း (Grade - 5) နှင့် အဌမတန်း (Grade - 9) နှစ်ဆုံးစာမေးပွဲကို ယနေ့နံနက် ၉ နာရီချိန်က သက်ဆိုင်ရာ စာစစ်ဌာနကျောင်းများအလိုက်ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာစတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဆောင်းသီးနှံ ဂျုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Feb 22,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်သည် နိုင်ငံတော်၏ အဓိကသီးနှံ (၁၀)မျိုးအနက် ကြံသီးနှံမှလွဲ၍ ကျန်သီးနှံကိုးမျိုးကို စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ဆောင်းသီးနှံ ဂျုံကို နှစ်စဉ်ဧကတစ်သောင်းကျော် စိုက်ပျိုးလျက်ရှိပြီး ဂျုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း နေကြောင်း သိရသည်။
မိုင်းတုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ရွေ့လျားစာကြည့်တိုက်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး
Feb 22,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက စာကြည့်တိုက်သို့မလာနိုင်သည့် စာ‌ပေချစ်သူ၊ စာဖတ်ပရိတ်သတ်များ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့်အလေ့အထများရရှိစေယုံမက မှတ်စုစာအုပ်တွင် မှတ်သားသင့်သည့်များကို မှတ်သားထားခြင်းဖြင့် နောင်တစ်ချိန်တွင် တန်ဖိုးရှိသည် စာပေများအဖြစ် အသုံးချတက်စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ရွေ့လျားစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။