သတင်းများ

ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့မှကြီးမှူး၍   အခြေခံမိတ်ကပ်လိမ်းခြယ်နည်းနှင့် ဆံကေသာထုံးဖွဲ့နည်းသင်တန်းဖွင့်ပွဲ ကျင်းပ
Mar 06,2023
ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့မှကြီးမှူးဖွင့်လှစ်သည့် အခြေခံမိတ်ကပ်လိမ်းခြယ်နည်းနှင့်  ဆံကေသာထုံးဖွဲ့နည်းသင်တန်းဖွင့်ပွဲကို‌ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သင်တန်းခန်းမ၌ ပြုလုပ်ခဲ့သည်။
တနိုင်းမြို့ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနတွင် မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေး
Mar 06,2023
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာန သို့ မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် (၁၀) နာရီက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြောက်ဦးမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာန (၃) ခုတွင် ကျောင်းသား/ကျောင်းသူ (၉၆၉) ဦး ဝင်ရောက်ဖြေဆိုမည်
Mar 06,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဝင် ရောက်ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၉၆၉) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်၌ နွေရာသီအခြေခံ အားကစားနည်းငါးမျိုး သင်တန်းဖွင့်လှစ်
Mar 06,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူးပြီး ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်လူရွယ်များ မိမိတို့ကြိုက်နှစ်သက်သည့် အားကစားနည်းများ စနစ်တကျ လေ့ကျင့်နိုင်ရန်နှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ယ‌မန်နေ့ ညနေ ၄ နာရီက နွေရာသီအခြေခံအားကစားနည်း ငါးမျိုးသင်တန်းဖွင့်လှစ်ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်၌ မိုလ်ဘိုင်းဖုန်းဖြင့် ဗွီဒီယိုရုက်ကူး တည်းဖြတ်ခြင်း သင်တန်းဖွင့်လှစ်
Mar 06,2023
 စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် မိုလ်ဘိုင်းဖုန်းဖြင့် ဗွီဒီယိုရိုက်ကူး တည်းဖြတ်ခြင်း သင်တန်းကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပကြောင်း သိရသည်။
သံတွဲမြို့နယ် ငပလီကမ်းခြေ၌ သဲပုံစေတီပွဲတော်ကျင်းပ
Mar 06,2023
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် မြန်မာယဉ်ကျေးမှုဓလေ့တစ်ခုဖြစ်သည့် တပေါင်းလ သဲပုံစေတီပွဲတော်ကို ယမန်နေ့ညနေ (၃) နာရီက ငပလီကမ်းခြေ Public Area တွင် ကျင်းပပြုလုပ်ခဲ့သည်။
မိတ္ထီလာမြို့နယ် ကုန်းသာကျေးရွာ အိုးလုပ်ငန်းမှ သင်္ကြန်အကြိုအိုးများ တောင်ပေါ်ဒေသများအထိ တင်ပို့ရောင်းချရ
Mar 06,2023
မိတ္ထီလာမြို့နယ် အလည်ရွာကျေးရွာအုပ်စု ကုန်းသာကျေးရွာ၌   ဒေသခံများ လုပ်ကိုင်သည့် အိုးလုပ်ငန်းမှ သင်္ကြန်အကြိုအိုးများကို တောင်ပေါ်ဒေသများအထိ တင်ပို့ရောင်းချရလျက်ရှိကြောင်း ဒေသခံအိုးလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို စဉ့်ကူးမြို့နယ်မှ ကျောင်းသား/ ကျောင်းသူ (၃၆၅)ဦး ဝင်ရောက်ဖြေဆိုမည်
Mar 06,2023
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝန်းတွင် မတ်လ(၈)ရက်နေ့မှ (၁၈)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ(၃၆၅)ဦး ဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။