၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို စဉ့်ကူးမြို့နယ်မှ ကျောင်းသား/ ကျောင်းသူ (၃၆၅)ဦး ဝင်ရောက်ဖြေဆိုမည်

စဉ့်ကူး မတ် ၆

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝန်းတွင် မတ်လ(၈)ရက်နေ့မှ (၁၈)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ(၃၆၅)ဦး ဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

စဉ့်ကူးမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ အတွင်းဖြေဆိုသူ ကျား(၂၀)ဦး၊ မ(၅၁)ဦး စုစုပေါင်း(၇၁)ဦး၊ ပြင်ပဖြေဆိုသူ ကျား(၁၁၅)ဦး၊ မ(၁၇၉)ဦး စုစုပေါင်း(၂၉၄)ဦး အတွင်းအပြင် ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း (၃၆၅)ဦး ဝင်ရောက်ဖြေဆိုမည် ဖြစ်သည်။

စဉ့်ကူးမြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း (၈)ကျောင်းနှင့် အထက်တန်းကျောင်းခွဲ (၁၀)ကျောင်းရှိရာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အထက (ရွှေပြည်) စာစစ်ဌာနနှင့် အထက(စဉ့်ကူး) စာစစ်ဌာနဟူ၍ စာစစ်ဌာန (၂)ခု ဖွင့်လှစ်ထားရှိပြီး အဆိုပါ စာစစ်ဌာန(၂)ခုလုံးသည် အထက(စဉ့်ကူး)ကျောင်းတွင် ဖြေဆိုရမည်ဖြစ်ကြောင်း စဉ့်ကူးမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)