ရွှေဘို ဖေဖော်ဝါရီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက်(၁၀)နာရီချိန်က “အားကစားနှင့်ကာယပညာ(သိပ္ပံ)ကျောင်း” အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ပြုလုပ်ကြောင်း သိရသည်။
အဆိုပါ Talk Show တွင် ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးမြမွန်က ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး ရွှေဘိုခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နိုင်နိုင်ဝင်းက အားကစားနှင့် ကာယ ပညာ(သိပ္ပံ)ကျောင်း ဖွင့်လှစ်ရခြင်း၏ ဦးတည် ချက်များ၊ ကျောင်းတက်ရောက်လိုသူများ ရှိရမည့် အရည်အချင်း၊ ကျောင်းသားရွေးချယ်မှုပုံစံ၊ကျောင်းသား၊ ကျောင်းသူများအား ကျောင်းမှထောက်ပံ့ပေးမည့် အခြေအနေနှင့် ရရှိမည့် အခွင့်အရေးများ၊ ကျောင်းမှသင်ပေးမည့် အားကစားနည်းများ၊ ကျောင်းတက်ရောက်ရသူများ၏ အကျိုးခံစားခွင့်များ၊ ကျောင်းဖွင့်လှစ်ထားသည့် မြို့အမည်များနှင့် ကျောင်းသားသစ်ခေါ်ယူသည့်အချိန်၊ အားကစားနှင့်ကာယပညာ(သိပ္ပံ)ကျောင်းနှင့် စပ်လျဉ်းပြီး အားကစားဝါသနာပါသည့် ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူတွေ သိရှိသင့်သည့် အကြောင်းအရာများ စသည်တို့ကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်ချက်များကို Online စနစ်ဖြင့် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန် အသိပညာပေး Talk Show အစီအစဉ်များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ We Love Shwe Bo Facebook Page တွင် စဉ်ဆက်မပြတ် စီစဉ်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်