၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade-5 နှင့် Grade-9 ကျောင်းသား/သူများ နှစ်ဆုံးစာမေး ပွဲစတင်ဖြေဆို

ကြို့ပင်ကောက် ဖေဖော်ဝါရီ ၂၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင်၂၀၂၂- ၂၀၂၃  ပညာသင်နှစ်အတွက်  စတုတ္တတန်း(Grade-5)နှင့် အဋ္ဌမတန်း(Grade-9)နှစ်ဆုံးစာမေးပွဲများကို ယနေ့နံနက် ၉ နာရီချိန်မှ သက်ဆိုင်ရာ စာစစ်ဌာနကျောင်းများတွင် ကျင်းပပြုလုပ်လျက်ရှိရာ ကျောင်းသား/သူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်းသိရသည်။

ကြို့ပင်ကောက်မြို့တွင် အခြေခံပညာကျောင်းပေါင်း(၁၇၂)ကျောင်းနှင့်ဘုန်းတော်ကြီးသင်ပညာရေး(၁)ကျောင်းတို့ရှိရာ ခရိုင်စစ်(Grade-5) ကျောင်း သား/သူ ၁၃၇၄ ဦးအတွက် စာစစ်ဌာန (၇၂)ခုနှင့် တိုင်းစစ်(Grade-9) ကျောင်းသား/သူ ၈၆၇ ဦးအတွက် စာစစ်ဌာန(၁၈)ခုဖွင့်လှစ်၍ နှစ်ဆုံးစာမေးပွဲများကို ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့မှ မတ်လ ၁ ရက်နေ့အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျောင်းသားကျောင်းသူများ‌ နှစ်ဆုံးစာမေးပွဲများကို အေးချမ်းစွာဖြေဆိုနိုင်ရန် မြို့နယ်ပညာရေးမှူး၏ကြီးကြပ်မှုဖြင့် စာစစ်ဌာနကြီးကြပ်ရေးမှူးများ သက်ဆိုင်ရာကျောင်းများမှ တာဝန်ကျဆရာဆရာမများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိ‌ပြီး ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသားမိဘများက လုံခြုံရေးကိစ္စရပ်များအား ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)