လက်ပံတန်း ဖေဖော်ဝါရီ ၂၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် စတုတ္တတန်း(Grade-5)နှင့် အဋ္ဌမတန်း (Grade-9)နှစ်ဆုံးစာမေးပွဲများကို ယနေ့နံနက် ၉ နာရီချိန်မှ သက်ဆိုင်ရာစာစစ်ဌာနကျောင်းများတွင် ကျင်းပပြုလုပ်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန် မြို့နယ်ပညာရေးမှူး၏ကြီးကြပ်မှုဖြင့် စာစစ်ဌာနကြီးကြပ်ရေးမှူးများနှင့် သက်ဆိုင်ရာကျောင်းများမှ တာဝန်ကျဆရာဆရာမများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်။
လက်ပံတန်းမြို့တွင် အခြေခံပညာကျောင်းပေါင်း(၂၀၇)ကျောင်းရှိရာ ခရိုင်စစ်(Grade-5) ကျောင်းသား/သူ ၂၅၃၄ ဦးအတွက် စာစစ်ဌာန (၉၄)ခုနှင့် တိုင်းစစ်(Grade-9) ကျောင်းသား/သူ ၁၄၂၅ ဦးအတွက် စာစစ်ဌာန(၃၃)ခုဖွင့်လှစ်၍ နှစ်ဆုံးစာမေးပွဲများကို ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့မှ မတ်လ ၁ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ် ပြန်/ဆက်