ဇေယျာသီရိ ဖေဖော်ဝါရီ ၂၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက် စတုတ္တတန်း (Grade - 5)နှင့် အဋ္ဌမတန်း (Grade - 9) နှစ်ဆုံးစာမေးပွဲများကို ယနေ့နံနက် ၉ နာရီမှ စတင်၍ သက်ဆိုင်ရာကျောင်းများအလိုက် စတင်ဖြေဆိုလျက်ရှိသည်။
ဇေယျာသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ခရိုင်စစ် Grade - 5 ကျောင်းသား၊ ကျောင်းသူ စာရင်းရှိ (၂၃၁၈)ဦးတွင် (၂၃၀၄)ဦးဖြေဆိုပြီး ဖေဖော်ဝါရီလ (၂၈) ရက်နေ့အထိ တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့်လည်းကောင်း၊ တိုင်းစစ် Grade-9 ကျောင်းသား၊ ကျောင်းသူ စာရင်းရှိ (၁၆၃၈)ဦးတွင် (၁၆၂၀)ဦး ဖြေဆိုပြီး မတ်လ(၁) ရက်နေ့အထိ တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့် ဖြေဆိုသွားမည်ဖြစ်သည်။
ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲများကို အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ သက်ဆိုင်ရာကျောင်းများမှ တာဝန်ကျ ဆရာ၊ ဆရာမများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသားမိဘများက လုံခြုံရေးကိစ္စရပ်များအား ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထွန်းလင်း(ပြန်/ဆက်)