မိုင်းရယ်၌ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သည့် တောင်သူများအတွက် မွေးမြူရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်

မိုင်းရယ် ဖေဖော်ဝါရီ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သည့် တောင်သူများအတွက် မွေးမြူရေးဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဆွေးနွေးပွဲကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်သည်။

ဆွေးနွေးပွဲတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာ ချယ်ရီအောင်သင်းက ဘဲမွေးမြူရေးနှင့် ဝက်မွေးမြူရေးများတွင် ဖြစ်ပွားတတ်သော ရောဂါလက္ခဏာများနှင့် မျိုးကောင်း၊ မျိုးသန့် မွေးမြူနိုင်ရန် ဆွေးနွေးဟောပြောသည်။

အဆိုပါဆွေးနွေးပွဲသို့ မိုင်းရယ်မြို့ပေါ်မှ မွေးမြူရေးလုပ်ကိုင်သည့် ဒေသခံ ၁၅ ဦးခန့် တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်ထိုက်