သံတွဲမြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခု၌ တက္ကသိုလ်ဝင်တန်း ကျောင်းသား/သူ(၉၆၈)ဦး ဝင်ရောက်ဖြေဆိုမည်

သံတွဲ ဖေဖော်ဝါရီ ၂၂

သံတွဲမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန(၅)ခုဖြင့် ကျင်းပသွားမည်ဖြစ်ပြီး သံတွဲမြို့နယ်အတွင်းရှိ ကျောင်းသား/သူ (၉၆၈)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝန်းတွင် ၂၀၂၃ ခုနှစ် မတ်လ(၈)ရက်နေ့မှ (၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ သံတွဲမြို့နယ်၌ စာမေးပွဲကျင်းပမည့် စာစစ်ဌာန များမှာ အ.ထ.က(၁) ၊ အ.ထ.က (ငပလီ) ၊ အ.ထ.က(ရွှေလှေ) ၊ အ.ထ.က (ကျောက်ကြီး)နှင့် အထက(ကင်းမော်) စသည့်စာစစ်ဌာနများတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

သံတွဲမြို့နယ်တွင် ယမန်နှစ်က တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုခဲ့သည့် ကျောင်းသား/သူ (၂၁၁၂)ဦးရှိပြီး (၁၀၀၃)ဦး အောင်မြင်ကာ အောင်ချက်ရာခိုင်နှုန်းအနေဖြင့် (၄၇.၄၉)ရာခိုင်နှုန်းရှိ ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

နေမျိုးအောင်(ပြန်/ဆက်)