မိုင်းလားမြို့နယ် မိုင်းမဘုန်းတော်ကြီးကျောင်းရှိ ဆရာတော်သံဃာတော်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း

ကျိုင်းတုံ ဖေဖော်ဝါရီ  ၂၂

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ဒေသအသီးသီးရှိ ဘုန်းတော်ကြီးကျောင်းပများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်းရာ ဖေဖော်ဝါရီ ၂၁ ရက်က ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းလားမြို့နယ်၊ မိုင်းမဘုန်းတော်ကြီးကျောင်း၌ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းလားမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအိုက်ဆန်းနှင့် ဝန်ထမ်းများက မိုင်းလားမြို့နယ်၊ မိုင်းဘုန်းတော်ကြီးကျောင်းရှိ ဆရာတော်၊ သံဃာတော်နှင့် စာသင်ရှင်သာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)