ပင်းတယမြို့သန့်ရှင်းသာယာလှပစေရေး မြို့နယ်စည်ပင်သာယာရေးဌာနမှ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ပင်းတယ ဖေဖော်ဝါရီ ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးဌာနမှ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ယခုလအတွင်း စည်ပင်သာယာရေးဌာန (ပင်းတယ)မှ အမှုဆောင်အရာရှိ ဦးစည်သူဝင်းကြီးကြပ်မှုဖြင့် (ပင်းတယ‌-အောင်ပန်း)၊ (ပင်းတယ-ဟဲဟိုး)၊ (ပင်းတယ-ရပ်စောက်) မင်းလမ်းမရှိ မြို့ဝင်ဆိုင်းဘုတ်များနှင့် မြို့ပေါ်မင်းလမ်းမ လမ်းဘေးဝဲယာ တစ်လျှောက် (ပလက်ဖောင်း)လူသွားလမ်းများ၊ အလှပုံဖော်ထားသည့်နေရာတို့တွင် ဆေးသုတ်ခြင်းလုပ်ငန်းနှင့် အမှိုက်သရိုက်များရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အောင်ကိုဦး (ပြန်/ဆက်)