သံတောင်ကြီး ဖေဖော်ဝါရီ ၂၃
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၉)နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမျူးဦးဆန်းဗိုလ်က ဌာနဆိုင်ရာများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ပါက ပေါင်းစပ်ဆောင်ရွက်ကြရန်၊ ပညာရေး၊ ကျန်းမာ ရေး ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ရုံးတွင်း ရုံးပြင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ရန်၊ အားကစားကွင်းများ သန့်ရှင်းသာယာစေရန်၊ ကားလမ်းဘေးဝဲယာသန့်ရှင်းသာယာလှပရေး ဆောင်ရွက်ရန်၊ နွေရာသီတွင် ရေရှားပါးမှု မရှိစေရေး ကြိုတင်ဆောင်ရွက်ရန် စသည်တို့အား ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် မြို့နယ်ဌာနဆိုင်ရာများက မိမိတို့လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်နေမှုများ၊ဆောင်ရွက်မည့် အစီအစဉ်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
နော်နော်မူ