မဟာအောင်မြေမြို့နယ်၊ Community Centre ခန်းမ၌ တ‌ပေါင်းလအကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show)ကျင်းပ

မဟာအောင်မြေ ဖေဖော်ဝါရီ ၂၃

မဟာအောင်မြေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ တ‌ပေါင်းလအကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show)ကို ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် မဟာအောင်မြေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုဘိုဟန်က တ‌ပေါင်းလအကြောင်းနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ရာ စာရေးဆရာ ဦးဆန်းဦး မင်းလပြည့်(ဟားခါး)က တပေါင်းလသည် ဆောင်းတစ်ဝက် နွေတစ်ဝက်ဖြစ်၍၊ နေ့ပူလို့ ညချမ်း၊ တစ်ပေါင်းလ လသရမ်း ဟု လူတို့ ဆိုစမှတ်ပြုကြကြောင်း၊ တပေါင်းသည်ထန်းပင်နှင့် သက်ဆိုင်သော အမည် ဖြစ်သည်။ ထန်းဖိုပင်များမှ ခံယူရရှိသည့် ထန်းရည်ကို မီးနှင့် ကျိုချက်ပြီး ထန်းလျက် ပြုလုပ်သည့် လဖြစ်သည်။၂၇ လုံးသော နက္ခတ်များ စုပေါင်းထွက်ပေါ်ခြင်းကြောင့်လည်းကောင်း၊ ထန်းရည်များ ပေါင်းစပ်ကျိုချက်သဖြင့် ထန်းပေါင်းဟူသော စကားမှ ရွေ့ရှားလာခြင်းကြောင့်လည်းကောင်း၊ တပေါင်းလဟု ခေါ်တွင်သည်ဟု ဆိုသည်။

အင်းဝခေတ် ရဟန်းစာဆို ရှင်ဥတ္တမကျော်သည် သူ၏တောလား ကဗျာကြီး၌ တပေါင်းလ၌ တင့်တယ်သာယာပုံကို လေခ မြေသက်၊ ဈာန်ဝိတက်သို့၊ သစ်ရွက်ယော်ယီ၊ ဣန္ဒနီဝယ်၊ သိင်္ဂီတစ်ဝက်၊ ဖက်၍ဆေးစုံ၊ ခြယ်သောပုံသို့၊ ရဂုံမြိုင်တွင်း၊ တောလုံးလင်းသား'ဟု ချီးကျူးဖွဲ့ဆိုခဲ့ကြောင်း စသည့် တပေါင်းလရဲ့ သာယာကြည်နူးဖွယ် အကြောင်းများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း