မိုင်းပန် ဖေဖော်ဝါရီ ၂၃
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် ဝန်ကြီးများအဖွဲ့သည် ယမန်နေ့ မွန်းလွဲ (၁၂)နာရီခွဲအချိန်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် အမှတ်(၁၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ဧည့်ရိပ်သာသို့ရောက်ရှိ၍ တပ်ရင်း/တပ်ဖွဲ့မှ အရာရှိစစ်သည်များ၊ တပ်မိသားစုများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ကျောင်းသား/သူများက ရှမ်းရိုးရာအက၊ တိုးနယားအကများဖြင့် ကပြဖျော်ဖြေကြိုဆိုခဲ့သည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် ဝန်ကြီးများအဖွဲ့သည် မိုင်းပန်မြို့နယ်တွင် တောင်သူများစိုက်ပျိုးထားရှိသော ဆောင်းရာသီပဲပုပ်နှင့် ကြက်သွန်ဖြူ တောင်သူပညာပေးစံပြစိုက်ကွက် စိုက်ပျိုးထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီးနောက် တောင်သူများနှင့်လိုအပ်သည်များတွေ့ဆုံဆွေးနွေးခဲ့ပြီး မြေဩဇာများ၊ သီးနှံအားဆေးများနှင့် လက်ကမ်းစာစောင်များ ပေးအပ်ခဲ့သည်။ ဆက်လက်၍ မိုင်းပန်မြို့၏ အထင်ကရနေရာဖြစ်သော မြို့အဝင်ရှိ မဟာတေဇာဓိပတိစေတီတော်မြတ်ကြီးအား လှည့်လှယ်ဖူးမျှော်ပူဇော်ခဲ့ကြပြီး လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
နော်မှိုင်း(ပြန်/ဆက်)