သတင်းများ

မုံးကိုးမြို့၌ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက စုပေါင်း ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပ
Feb 23,2023
မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက စုပေါင်း၍ ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယနေ့နံနက်(၉)နာရီအချိန်က မုံးကိုးမြို့အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
၂၀၂၂-၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် G-5နှင့် အလယ်တန်းအဆင့် G-9 နှစ်ဆုံးစာမေးပွဲဖြေဆို
Feb 23,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ၂၀၂၂-၂၃ ပညာသင်နှစ်အတွက် အခြေခံပညာမူလတန်းအဆင့် G-5 (စတုတ္ထတန်းသင်ရိုးသစ်)နှင့် အလယ်တန်းအဆင့် G-9(အဌမတန်း သင်ရိုးဟောင်း) နှစ်ဆုံးစာမေးပွဲကို ယမန်နေ့စ၍ မတ်လ(၁)ရက်နေ့အထိ (၈)ရက်တိတိ သက်ဆိုင်ရာစာစစ်ဌာနကျောင်းများတွင် ကျင်းပဖြေဆိုလျက်ရှိပြီး ကျောင်းသား/သူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
မုဒုံမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့် ကုန်အညွှန်းအမှတ်အသားအကြောင်း သိကောင်းစရာ Talk Show ပြုလုပ်
Feb 23,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက စားသုံးသူကာကွယ်ရေးဥပဒေနှင့် ကုန်အညွှန်းအမှတ်အသားအကြောင်း သိကောင်းစရာ Talk Show ကျင်းပခဲ့သည်။
ပြည်သူများအတွက် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေး တပ်ကုန်းမြို့မဈေးအတွင်း စစ်ဆေးခြင်းနှင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်
Feb 23,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ပြည်သူများအတွက် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကြီးကြပ်၍ တပ်ကုန်းမြို့မဈေးအတွင်း စစ်ဆေးခြင်းနှင့် ပညာပေးလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများ လိုက်ပါ၍ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမတွင် ပုံပြင်ပြောပြိုင်ပွဲကျင်းပ
Feb 23,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် က‌‌လေးငယ်များ အားလပ်ရက်တွင် ပျော်ရွှင်စေရန် ပုံပြင်ပြောပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၁) နာရီအချိန်ခန့်က ကျင်းပဆောင်ရွက်ခဲ့သည်။
ငပုတောမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ ဝင်ခွင့်ကတ်ပြားများ လာရောက်ထုတ်ယူ
Feb 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်​ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့ နံနက်ပိုင်းက ငပုတောမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ စတင်ထုတ်ပေးလျက်ရှိ​ကြောင်း သိရသည်။
ပျဉ်းမနားမြို့၊ စိုက်ပျိုးရေးသိပ္ပံကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ
Feb 23,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ် လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား)၌ ကျင်းပခဲ့သည်။
ပုဗ္ဗသီရိမြို့နယ်လုံးဆိုင်ရာ တတိယအကြိမ် မဟာပဋ္ဌာန်းမြတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကျင်းပ
Feb 23,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ သုခဒီပရပ်ကွက်၊ မရှိခဏဓမ္မရောင်ခြည်ကျောင်းတိုက်၌ ပုဗ္ဗသီရိမြို့နယ်လုံးဆိုင်ရာ တတိယအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို နေပြည်တော်ကောင်စီမှကြီးမှူး၍ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။