ငပုတော ဖေဖော်ဝါရီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့ နံနက်ပိုင်းက ငပုတောမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ စတင်ထုတ် ပေးလျက်ရှိကြောင်း သိရသည်။
ငပုတောမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း အထက-ငပုတော စာစစ်ဌာန၌ စာဖြေသူ (၂၆၄)ဦး၊ အထက-ကမ်းနီး စာစစ်ဌာန၌ (၆၀)ဦး၊ အထက ကျုံကူး စာစစ်ဌာန၌ (၁၅၇)ဦး၊ အထက-ကံချိုင် စာစစ်ဌာန၌ (၁၂၈)ဦး၊ အထက-ငရုတ်ကောင်း စာစစ်ဌာန၌ (၁၀၇)ဦး၊ အထက-ဆင်ကူးကြီး စာစစ်ဌာန၌(၇၈)ဦး၊ အထက-ပြင်ခရိုင် စာစစ်ဌာန၌ (၈၉)ဦး အထက-မန်ကျည်းပင်စာစစ်ဌာန၌ (၈၇)ဦး၊ အထက-တောင်ကလေးစာစစ်ဌာန၌ (၄၈)ဦး၊ အထက-ကျောက်ကလပ် စာစစ်ဌာန၌ (၈၄)ဦး၊ အထက-ဟိုင်းကြီးစာစစ်ဌာန၌ (၈၁)ဦး၊ အထက-သင်္ကန်းကုန်း စာစစ် ဌာန၌ (၈၅)ဦး စုစုပေါင်း စာစစ်ဌာန(၁၂)ခုတွင် ကျောင်းတွင်း စာဖြေသူဦးရေ စုစုပေါင်း (၉၁၃)ဦး၊ ပြင်ပဖြေဆိုသူဦးရေ စုစုပေါင်း(၃၅၅)ဦးရှိသည်။
ငပုတောမြို့နယ်တွင် စာစစ်ဌာန(၁၂)ခု၌ စုစုပေါင်း စာဖြေသူဦးရေ (၁၂၆၈)အား စာစစ်ဌာန အသီးသီး၌ ဝင်ခွင့် ကတ်ပြားများ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)