မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမတွင် ပုံပြင်ပြောပြိုင်ပွဲကျင်းပ

မိုင်းလုံ ဖေဖော်ဝါရီ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် က‌‌လေးငယ်များ အားလပ်ရက်တွင် ပျော်ရွှင်စေရန် ပုံပြင်ပြောပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၁) နာရီအချိန်ခန့်က ကျင်းပဆောင်ရွက်ခဲ့သည်။

မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးငယ်များအား လစဉ် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကာယဉာဏစွမ်းရည်ပြိုင်ပွဲ၊စကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ စသည့်ပြိုင်ပွဲများကို ဆောင်ရွက်ပေးရာ ယနေ့ကလေးများ၏ အားလပ်ရက်တွင် ပုံပြင်ပြောပြိုင်ပွဲ‌ ဆောင်ရွက်‌‌ပေးပြီး ယခုလိုဆောင်ရွက်‌ပေးခြင်းသည် ကလေးများ၏ စိတ်ကိုပျော်ရွင်စေရန်၊ ပုံပြင်များဖတ်ပြီး အသိအမြင်များရှိစေရန်၊ အများရှေ့ထွက်၍ စကားပြောရဲဆိုရဲရှိစေရန်၊   စာကြည့်တိုက်ကို ပိုမိုရင်းနှီးစေရန်နှင့် အားလပ်သောအချိန်ကို အကျိုးရှိစွာအသုံးပြုစေရန် ရည်ရွယ်၍  ဆောင်ရွက်ရခြင်းဖြစ်ပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်စုစုဝင်းက ကလေးငယ်များအား ကလေးစာပေ ပုံပြင်စာအုပ်များဖြင့်ရှေ့ထွက်၍ ဖတ်စေပြီး ဟန်အမှုအရာနှင့် အသံအ‌နေအထားတို့ကိုကြည့်၍ ပြိုင်ပွဲကိုကျင်းပရာ  ပြိုင်ပွဲ၀င်ကလေးများကို အာဟာရအဖြစ်မုန့်နှင့်အချိုရည်များ တိုက်‌‌ကျွေးခဲ့ကြောင်း သိရသည်။   

ဇော်ဇော်(ပြန်/ဆက်)