ပြည်သူများအတွက် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေး တပ်ကုန်းမြို့မဈေးအတွင်း စစ်ဆေးခြင်းနှင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်

တပ်ကုန်း ဖေဖော်ဝါရီ ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ပြည်သူများအတွက် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကြီးကြပ်၍ တပ်ကုန်းမြို့မဈေးအတွင်း စစ်ဆေးခြင်းနှင့် ပညာပေးလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများ လိုက်ပါ၍ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရဦး၊ ဥတ္တရခရိုင် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီး ဌာန၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတို့မှ တာဝန်ရှိသူများ၊ ဈေးတာဝန်ခံနှင့် ဝန်ထမ်းများသည် တပ်ကုန်းမြို့မဈေးအတွင်းရှိ သား၊ ငါးဆိုင်ခန်းများ၊ ကုန်စိမ်း ဆိုင်ခန်းများနှင့် ကုန်ခြောက်ဆိုင်ခန်းများအား သွားရောက်ကာ ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအသောက်များရောင်းချရေး၊ သစ်သီးဝလံများတွင် ဆိုးဆေးနှင့် ကြာရှည်ခံပစ္စည်းများ အသုံးမပြုရေး၊ သက်တမ်းလွန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး၊ သတ်မှတ်ချက်များနှင့်အညီ စနစ်တကျ မှတ်ပုံတင်ထားရှိရေးနှင့် အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းစေရေး အလေးထားကြရန် အသိပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

တင်စိုးလွင်