ကျိုက်လတ် ဖေဖော်ဝါရီ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် မြို့မဈေးကြီးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့မဈေးကြီးတာဝန်ရှိသူများ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့မဈေးကြီး မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းမှုတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်သူဝင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇေယျာမင်း တို့က မြို့မစျေး အတွင်း/အပြင်ရှိ လုံခြုံရေး မီးတပ်ဆင်ဆောင်ရွက်ထားရှိမှု၊ မီးသတ်ဆေးဗူး၊ မီးချိတ်၊ မီးကပ်များဆောင်ရွက်ထားရှိမှု၊ မီးဘေးလုံခြုံရေးအတွက် မီးသတ်ပစ္စည်း ကိရိယာများထားရှိမှု၊ အရေးပေါ် အခြေအနေများတွင် အသုံးပြုနိုင်မည့် မီးသတ်ပစ္စည်း ကြံ့ခိုင်မှု ရှိ/မရှိနှင့် ရေငုတ်များ ရေထွက်ရှိမှု အခြေအနေများအား စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။
ရီရီမြင့်