ဒလမြို့နယ်၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ဆယ်အိမ်မှူးများ တွေ့ဆုံပွဲအခမ်းအနားကျင်းပ

ဒလ ဖေဖော်ဝါရီ  

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် သီရီဇေယျအနော်ရထာခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က တွံတေးခရိုင် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တွေ့ဆုံပွဲ အခမ်းနား ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တွံတေးခရိုင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ ဥက္ကဋ္ဌ ဦးထင်ကျော်ကအဖွင့်အမှာစကားပြောကြားခဲ့ပြီး အဖွဲ့ဝင် (၂) ဦးဝင်းထွန်းနိုင်(ခ)ဦးရွှေဘော်က လုပ်ငန်းများနှင့်ပတ်သက်၍ မိတ်ဆက်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသည့် ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများမှ လုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ်ချက်များနှင့် သိရှိလိုသည်များကို တင်ပြ ဆွေးနွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက စီမံရေး၊ အုပ်ချုပ်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌဦးထင်ကျော်က အဆိုပါ ဆွေးနွေးတင်ပြ ချက်များနဲ့ ပတ်သတ်သည့်လုပ်ငန်း ဆောင်ရွက်ချက်များအပေါ် အပြန်အလှန် ဆွေးနွေးကြပြီး လိုအပ်သည်များကို လမ်းညွှန်မှားကြားခဲ့ကြောင်းသိရသည်။

ကျော်စည်သူ (ပြန်/ဆက်)