တောင်ပြိုလက်ဝဲမြို့၌ Mobile library ဆောင်ရွက်ပေး

တောင်ပြိုလက်ဝဲ  ဖေဖော်ဝါရီ  ၂၆

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများကဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထုများအား အသိပညာဗဟု သုတတိုးပွားစေ‌ရေးအတွက် စာအုပ်စာစောင်များငှားရမ်းနိုင်ရန် Mobile library စနစ်ဖြင့် ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က တောင်ပြိုလက်ဝဲမြို့၊ ရပ်ကွက်(၂)သို့  စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးလျက်ရှိသည်။

ထိုသို့ Mobile library စနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီမှူး ဦးဦးသိန်းနိုင်နှင့်ရုံးဝန်ထမ်းများက  စာဖတ်ပရိသတ်များအနေဖြင့် စာအုပ်စာစောင်များကို  အလွယ်တကူလေ့လာဖတ်ရှုနိုင်စေရန်၊ စာဖတ်စွမ်းရည်မြင့်မားလာစေရန်နှင့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်ပြီး သုတစာအုပ်များ၊ မဂ္ဂဇင်း၊ ရုပ်ပြ၊ ဝတ္ထုစာအုပ်စာစောင်များ ယူဆောင်ကာ ရပ်ကွက်နေပြည်သူများထံအရောက် အခမဲ့ဌားရမ်းပေးခဲ့ကြောင်း သိရသည်။

သိန်းနိုင်(ပြန်/ဆက်)