မိုင်းဆတ် ဖေဖော်ဝါရီ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ မတ်လနှင့် ဧပြီလအတွင်း ကျင်းပမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အ.ထ.က(မိုင်းဆတ်)စာစစ်ဌာနမှ ကျောင်းသား၊ ကျောင်းသူ(၁၆၆)ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားကြောင်း သိရသည်။
အ.ထ.က(မိုင်းဆတ်)စာစစ်ဌာနတွင် ဘာသာတွဲ(၁)ဖြေဆိုမည့် ကျောင်းသား(၃၉)ဦး၊ ကျောင်းသူ (၈၃)ဦး၊ ဘာသာတွဲ(၂)ဖြေဆိုမည့် ကျောင်းသား(၁၄)ဦး၊ ကျောင်းသူ(၁၁)ဦး၊ ဘာသာတွဲ(၅) ဖြေဆိုမည့် ကျောင်းသား (၆)ဦး၊ ဘာသာတွဲ(၇)ဖြေဆိုမည့် ကျောင်းသား(၄)ဦး၊ ကျောင်းသူ(၉)ဦး စုစုပေါင်း (၁၆၆)ဦး တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြင့်မောင်(ပြန်/ဆက်)