မိုင်းယောင်းမြို့တွင် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ပေးနိုင်ရန် ကွင်းဆင်းဆောင်ရွက်

မိုင်းယောင်း  ဖေဖော်ဝါရီ  ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက စစ်ကြောင်းကြီးငါးကြောင်းဖြင့် မုန်းလိုက်ကျေးရွာအုပ်၊ မိုင်းပန်ကျေးရွာ၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက အမှာစကားပြောကြားပြီး အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ ဒေသဖွံ့ဖြိုးရေး၊ လူမှုရေးနှင့်စည်းရုံးရေးစစ်ကြောင်းမှ တာဝန်ရှိသူတို့က မိမိတို့၏လုပ်ငန်း တာဝန်များကို အသီးသီးဆွေးနွေးပြောကြားခဲ့ကြသည်။

ထို့နောက် ကျေးရွာတာဝန်ခံအုပ်ချုပ်ရေးမှူးနှင့် ရွာသူ၊ ရွာသားများက ကျေးရွာဖွံ့ဖြိုးရေးလိုအပ်ချက်များကို ပြန်လည် ဆွေးနွေးတင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာစစ်ကြောင်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း