ဟိုပုံး ဖေဖော်ဝါရီ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့နယ်ဆရာတော် သံဃာ တော်များ ကြီးမှူးကျင်းပသော သတ္တမအကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိပါလက စာမေးပွဲတော်ကြီးတွင် စာအောင်သံဃာတော်များအား ဆွမ်းဆန်လောင်းလှူပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲ အချိန်က လွယ်အွန့်ကျေးရွာအုပ်စု၊ ဖာလွိုင်ဗွေလွန်းကျောင်းတိုက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွမ်းဆန်လောင်းလှူပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲ ထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့၊ ဒေသခံပြည်သူများက မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိပါလက စာမေးပွဲတော်ကြီးတွင် စာအောင်သံဃာတော်များအား ဆွမ်းဆန်လောင်းလှူပြီး နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။ အခမ်းအနားကိုဆက်လက်ကျင်းပရာ ပအိုဝ်းကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် ဇနီးဒေါ်မြတ်ခင်မော်၊ တပ်မတော်ကွန်ပျူတာ နည်းပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်နှင့်ဇနီး ဒေါ်မေရီရွှေ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချူပ်ရေးမှူး ဦးဆန်းထွန်း၊ ဒေသ/မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ ဒေသခံပြည်သူများက ဆရာတော်သံဃာတော်များအား၊ နမောတဿ ဗုဒ္ဓပဏာမဖြင့် သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ဖွင့်လှစ်ပြီးနောက် စာပွဲတော်အလုပ်အမှုဆောင်သာသနာ လင်္ကာရကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလနှင့်ပရိတ်တရားတော်များကိုနာယူကြသည်။ ထို့နောက် စာပွဲတော်အလုပ်အမှုဆောင် ဖာလွိုင်ဗွေလွန်းကျောင်းတိုက်ကျောင်းဆရာတော်က စာမေးပွဲအကြောင်း အရာများနှင့် ကျေးဇူးတင် စကားလျှောက်ထားပြီး ပရိယတ္တိပါလက ဓမ္မာစရိယ ဘွဲ့ရ(၂)ပါး၏ အတ္ထုပ္ပတ္တိ (အကျဉ်း)ကို ဖတ်ကြားသည်။ ဆက်လက်၍ အခမ်းအနားကိုဆက်လက်ကျင်းပရာ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် ဇနီးဒေါ်မြတ်ခင်မော်၊ တပ်မတော် ကွန်ပျူတာနည်းပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်နှင့်ဇနီး ဒေါ်မေရီရွှေ၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချူပ်ရေးမှူး ဦးဆန်းထွန်းတို့က ဓမ္မာစရိယ ဘွဲ့ရ(၂)ပါးကိုလည်းကောင်း၊ ပရိယတ္တိ ပါလကစာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့ကြသည့် ဟိုပုံးမြို့နယ်၊ တောင်ကြီးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ အောင်ပန်းမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်၊ ပင်းတယမြို့နယ်၊ ပင်လုံမြို့နယ်၊ မိုးနဲမြို့နယ်၊ ညောင်ရွှေမြို့နယ်တို့မှ ဓမ္မာစရိယတန်း၊ ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်း၊ အခြေပြုမူလတန်း၊ မူလတန်း၊ သေခိယတန်း၊ ပါဒကတန်းတို့မှ ရဟန်း၊ သာမဏေ၊ သီလရှင် (၁၁၆၈)ပါးတို့ကို အောင်လက်မှတ်နှင့် လူဖွယ်ဝတ္ထုတို့ကိုဆက်ကပ်လှူဒါန်းပြီး နောက် လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။ အဆိုပါ သတ္တမအကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိပါလက စာမေးပွဲကို ဖေဖော်ဝါရီလ(၁၉)ရက်နေ့မှ ဖေဖော်ဝါရီလ (၂၅)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)