သတင်းများ

ကော့ကရိတ်မြို့၌ ကရင်စာပေနှင့် ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအတွက် အစည်းအဝေး ပြုလုပ်
Mar 01,2023
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ကရင်စာပေနှင့် ယဉ်ကျေးမှုအား ထိန်းသိမ်းရေး၊ ရိုးရာယဉ်ကျေးမှု မပျောက်ကွယ်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင်ယနေ့ နံနက်( ၁၀)နာရီချိန်က ကျင်းပပြုလုပ်သည်။
ဂွမြို့နယ်တွင် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့အား နွေးထွေးစွာကြိုဆို
Mar 01,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့တွင် ပါဝင်သည့် အထူးကု ဆရာဝန်ကြီးများအဖွဲ့သည်  မတ်လ ၁ ရက်နေ့နှင့် မတ်လ(၂)ရက်နေ့များတွင် သိမ်ကုန်းဘုရားဝန်းအတွင်းရှိ သာသနာ့ဗိမ္မာန်တွင် (အခမဲ့) ဆေးကုသပေးရန် ယနေ့နံနက်ပိုင်းတွင် ရောက်ရှိလာရာ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ရခိုင်လှပျိုဖြူ လေးများ၊ နယ်မြေခံတပ်ရင်းမှ တာဝန်ရှိသူများနှင့် မိသားစုဝင်များနှင့် ပြည်သူများက အိုးစည်ဒိုးပတ်များဖြင့် နွေးထွေးစွာ ကြိုဆိုခဲ့ကြကြောင်း သိရသည်။
မလှိုင်မြို့နယ်ရှိ ကျေးရွာများတွင် နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်းများဖွင့်လှစ်ပို့ချသွားမည်
Mar 01,2023
မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျေးရွာများတွင် နွေရာသီယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်ပို့ချနိုင်ရေးအတွက် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် ရှားပင်ကျေးရွာတွင် ခရမ်းချဉ်သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Mar 01,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ရှားပင်ကျေးရွာတွင် ခရမ်းချဉ်သီးနှံစိုက်ခင်းများအောင်မြင်လျက်ရှိကြောင်းနှင့် ခရမ်း ချဉ်သီးနှံသည် စိုက်ပျိုးရန်အတွက် ပျိုးထောင်အချိန်မှစတင်ပြီး ခူးဆွတ်ရောင်းချချိန်အထိ အမြဲဂရုစိုက်ရသည့် သီးနှံအမျိုးအစားဖြစ်ကြောင်း၊ စိုက်ပျိုးမြေအမျိုးအစားနှင့် ရာသီဥတုအခြေအနေပေါ်မူတည်၍ရေသွင်းခြင်း၊ အပင်အားတိုးဆေးနှင့် ပိုးမွှားနှိမ်နင်းဆေးများအသုံးပြုရကြောင်း ခရမ်းချဉ်စိုက်တောင်သူတစ်ဦးမှ ပြောပြသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် မွေးစမှအသက် (၁)နှစ်အောက်ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက်ခြင်း ဆောင်ရွက်ပေး
Mar 01,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် မွေးစမှအသက်(၁)အောက်ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက်ခြင်းလုပ်ငန်းများကို၊ ယနေ့နံနက်(၈) နာရီမှစ၍ မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
သာစည်မြို့နယ်၊ ကြက်မောက်ကျေးရွာတွင် ဆောင်ရွက်ထားရှိသော ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး
Mar 01,2023
မန္တလေးတိုင်းဒေသကြီး၊  မိတ္ထီလာခရိုင်၊  သာစည်မြို့နယ် ကြက်မောက်ကျေးရွာတွင် ဆောင်ရွက်ထားရှိသော ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအခြေအနေများအား  တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနထံမှ သိရသည်။
ကြိုတင်သတိပေးစနစ်နှင့် သဘာဝဘေးဆိုင်ရာသင်တန်း ဖွင့်လှစ်ပို့ချ
Mar 01,2023
ကြိုတင် သတိပေးစနစ်နှင့် သဘာဝဘေးဆိုင်ရာသင်တန်းကို ယမန်နေ့နံနက် ၉နာရီမှ  ညနေ ၄နာရီခွဲအထိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ( အထက်မြန်မာပြည်ဌာနခွဲရုံး)တွင် ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
၂၀၂၂ခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီးအတွင်းမှ ဂုဏ်ထူးဆောင်တံဆိပ်ရရှိသည့် ပုဂ္ဂိုလ်များအား ထပ်ဆင့်ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပ
Mar 01,2023
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက် (၁၃၈၄ ခုနှစ်၊ တန်ဆောင် မုန်းလပြည့်ကျော် ၁၀)ရက်နေ့တွင်  ချီးမြှင့်လိုက် သော ၂၀၂၂ခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီးအတွင်းမှ ဂုဏ်ထူးဆောင်တံဆိပ် ရရှိသည့် ပုဂ္ဂိုလ်များအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဆုတံဆိပ်များ အပ်နှင်းခြင်းနှင့် ထပ်ဆင့်ဂုဏ်ပြုခြင်းအခမ်းအနားကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံးရှိ မြို့တော်ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။