မက်မန်းမြို့နယ်တွင် မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး စံပြကြက်မွေးမြူရေးခြံများ တည်ဆောက်ခြင်း ဆောက်ရွက်

မက်မန်း မတ် ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး စံပြကြက်မွေးမြူရေးခြံများ တည်ဆောက်ခြင်းကို  မက်မန်းခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် တည်ဆောက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်နေခြင်းကို မက်မန်းခရိုင် စီမံအုပ်ချုပ်ရေးချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းနှင့် အဖွဲ့ဝင်များ၊ မက်မန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့် အဖွဲ့ဝင်များက စံပြကြက် မွေးမြူရေးခြံ တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ “မက်မန်းမြို့နယ်တွင် ဒေသကြက်မွေးမြူခြင်းလုပ်ငန်းများ ဆောင်ရွက်ကြသော်လည်း အသားတိုးကြက်များ မွေးမြူနိုင်မှုမရှိခြင်းကြောင့် အသား၊ ငါးများကို မိုင်းပျဉ်းမြို့မှ တစ်ဆင့် သွားရောက်ဝယ်ယူစားသောက်ရာတွင် အသား၊ငါးများ လတ်ဆတ်မှုမရှိခြင်း၊ အချိန်ျကြာမြင့်ခြင်း၊ သယ်ယူပို့ဆောင်ခ စရိတ်များ ကြီးမြင့်ခြင်းတို့ကြောင့် စားသုံးသူများအနေဖြင့် အဆင်မပြေမှုများကို ဖြေရှင်းနိုင်‌ရေးအတွက် အသားတိုးကြက်များ မွေးမြူနိုင်ရေး စံပြကြက်ခြံများ ဆောက်လုပ်ခြင်း ဖြစ်ကြောင်း” ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာ မောင်ဝင်းထံမှ သိရသည်။

စောဥမ္မာ(ပြန်/ဆက်)