အ.ထ.ကကော့မှူးစာစစ်ဌာန၌ မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး

ကော့မှူး မတ် ၇

၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုမည့် အ.ထ.ကကော့မှူးစာစစ်ဌာနတွင် ယနေ့နံနက်က မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်နေကြောင်း သိရသည်။

ကော့မှူးမြို့နယ်တွင် မတ်လ ၈ ရက်မှ ၁၈ ရက်အထိကျင်းပမည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုကြမည့်ဖြစ်ရာ ကျောင်းသား/ကျောင်းသူများ စာမေးပွဲဖြေဆိုနေချိန် ကာလအတွင်း စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာဖြေဆိုနိုင်ရန် မြို့နယ် မီးသတ်ဦးစီးမှူး ဦးပြည့်ဖြိုးအောင်နှင့် တပ်ဖွဲ့ဝင်များက စာစစ်ဌာနများ မီးဘေးလုံခြုံရေးအတွက် မီးသတ်ဆေးဘူးများ၊ မီးချိတ်၊ မီးကတ်များ၊ ရေပုံး၊ သဲပုံးများ အသင့်အနေအထား ရှိမရှိစစ်ဆေးခြင်းများကို‌ လှည့်လည်စစ်ဆေး အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ကော့မှူးမြို့နယ်တွင် အ.ထ.က ကော့မှူးစာစစ်ဌာန(၁)ခုဖြင့် ကျင်းပမည်ဖြစ်ရာ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၃၈၀)ဦး ဖြေဆိုခွင့်လျှောက်လွှာများ တင်ထားကြောင်း သိရသည်။

ကျော်သူရ ပြန်/ဆက်