မိုးမောက်မြို့နယ်အတွင်းရှိ ကျေးရွာများ လျှပ်စစ်မီးလင်းရေးနှင့် ဓာတ်အားလိုင်း အပြည့်အဝ သုံးစွဲနိုင်ရေး ပြည်နယ်ရန်ပုံငွေဖြင့် ဓာတ်အားလိုင်းများနှင့် ထရန်စမော်များ တိုးချဲ့တပ်ဆင်ဆောင်ရွက်

မိုးမောက်   မတ် ၇

ကချင်ပြည်နယ်၊  ဗန်းမော်ခရိုင်၊    မိုးမောက်မြို့နယ်အတွင်းရှိ ရပ်ကွက်၊  ကျေးရွာများတွင် လျှပ်စစ်မီးလင်းရေးနှင့် လျှပ်စစ်ဓာတ်အား    အပြည့်အဝသုံးစွဲနိုင်ရေးအတွက် ဓာတ်အားလိုင်းများ တိုးချဲ့သွယ်တန်းခြင်းလုပ်ငန်းများနှင့် ထရန်စမော်မာများ တပ်ဆင်ခြင်းလုပ်ငန်းများကို   ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု  အခြေအနေများအား မြို့နယ်တာဝန်ရှိသူများက မတ် ၆ ရက် ညနေပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် မြို့နယ်တည်ဆောက်ရေးကော်မတီအဖွဲ့ဝင်များက တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေကျပ်သန်း (၁၇၅.၀) ဖြင့် တင်ဒါ အောင်မြင်သော မနောဝတီ ကုမ္ပဏီမှတာဝန်ယူ   ဆောင်ရွက်ခြင်းဖြစ်ပြီး မိုးမောက်မြို့နယ်အတွင်း ဗန်းမော်မှ မိုးမောက်သို့ သွယ်တန်း ထားသည့် 11KV ဓါတ်အားလိုင်းကို (၇)မိုင်ရွာထိပ်မှ စီအင်ကျေးရွာ အထိ 7mm2 ACSR Wire 12 KV 95 mm2 AW/OC insulated Cable Wire ကြိုးများဖြင့်  အစားထိုးလဲလှယ်ခြင်းလုပ်ငန်း၊ ကြေးနန်းရပ်ကွက်၊ နာဇရက် လမ်းဆုံတွင် (၁၁)ကေဗွီ 95 mm2 AW/OC Insulated Cable Wire ဖြင့် (၁၁)ကေဗွီ ဓါတ်အားလိုင်း(၈၀၀)နှင့်200 KVA ထရန်စဖော်မာ တစ်လုံးအသစ်တည်ဆောက်ခြင်းလုပ်ငန်း၊ နမ့်တိန်ကျေးရွာနှင့် နှင်းအိကျေးရွာတို့တွင် 160 KVA ထရန်စဖော်မာ  တစ်လုံးစီ တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို မြေပြင်ကွင်းဆင်းစစ်ဆေးပြီး စံချိန်စံညွှန်း ပြည့်မီစွာဖြင့် ဆောင်ရွက်ထားရှိမှု ရှိ /မရှိ စစ်ဆေး‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  

မြို့နယ် (ပြန်/ဆက်)