ရခိုင်ပြည်နယ် မြောက်ဦးမြို့၌ မြို့မပရိယတ္တိစာသင်တိုက်၊ မြို့သစ်(ဘ.က) ကျောင်းတိုက်ပ ဓာနသဒ္ဓမ္မဇောတိကဓဇဘွဲ့တော်ဆက်ကပ်ခံရသော ဆရာတော် ဘဒ္ဒန္တသူရိယ မထေရ်မြတ်အား ဂုဏ်ပြုကြိုဆို

မြောက်ဦး မတ် ၈

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ ၌ နိုင်ငံတော်အစိုးရမှ သာသနာတော်ဆိုင် ရာဘွဲ့ တံဆိပ် ချီးမြှင့် ခံရသောမြို့မပရိယတ္တိစာသင်တိုက်၊ မြို့သစ်(ဘ.က) ကျောင်းတိုက်ဆရာတော် ကြီးသည် မတ်လ ၆ ရက်နေ့ ညနေပိုင်းအချိန်က မြောက်ဦး မြို့သူ/သားများနှင့် ဒကာ၊ ဒကာမများတို့မှ မြို့တစ်ပတ် လှည့်လည် ဂုဏ်ပြု ပူဇော်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြို့မပရိယတ္တိစာသင်တိုက်၊ မြို့သစ်(ဘ.က) ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသူရိယ မထေရ်မြတ်အားသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် နိုင်ငံတော်အစိုးရမှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် သဒ္ဓမ္မဇောတိကဓဇဘွဲ့ ချီးမြှင့်ခဲ့သဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှဆက်ကပ် ပူဇော်ခဲ့သည့် ဘွဲ့တံဆိပ်တော်နှင့်အတူ  မြောက်ဦးမြို့နယ်အတွင်းရှိ တပည့်ရဟန်းသံဃာ၊ ဒါယကာ၊ ဒါယိကာမအပေါင်းတို့က ကြိုဆိုဂုဏ်ပြုပင့်ဆောင်၍ ကြိုဆိုရေးမင်္ဂလာယာဉ်တန်းဖြင့် မြောက်ဦးမြို့ပေါ် ရပ်ကွက်များအတွင်းသို့ လှည့်လည်အပူဇော်ခံကြပြီး မြို့မပရိယတ္တိစာသင်တိုက်၊ မြို့သစ်(ဘ.က) ကျောင်းတိုက်သို့ ပြန်လည်ကြွရောက်ကာ တပည့်ရဟန်းသံဃာ၊ ဒါယကာ၊ ဒါယိကာမများ အပေါင်း တို့ကို ဓမ္မာရုံအတွင်း၌  ငါးပါးသီလ ခံယူဆောက်တည်ကြပြီးနောက် ယခုကဲ့သို့လှိုက်လှိုက်လဲလဲ ကြိုဆိုဂုဏ်ပြုခြင်းအကြောင်းနှင့်ပတ်သတ်၍ ကျေးဇူးတင်စကားများ ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

မြင့်စိုး၊ စိုးငြိမ်းနိုင် (ပြန်/ဆက်)