ပြည် မတ် ၈
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ကျင်းပသည့် ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသော အ.ထ.က(၁)၊ အထက(၄)၊ အ.ထ.က(၅)၊ အ.ထ.က(ပေါင်းတလည်)နှင့် အ.ထ.က(ဝက်ထီးကန်)အစရှိသည့် စာစစ်ဌာနငါးခု၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ လာရောက်ဖြေဆိုလျက်ရှိသည်။
ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ချုပ်ရေးအဖွဲ့များ၊ ပရဟိတလူမှုအဖွဲ့အစည်းများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကြီးကြပ်ရေးမှူး ဆရာ/ဆရာမများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက စာစစ်ဌာနအလိုက် လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
စာမေးပွဲဖြေဆိုမှုအား ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသက်လွင်၊ တိုင်းဒေသကြီး ပညာရေးမှူး(ရုံးခွဲ) ပညာရေးမှူးဦးတင်ယုနှင့် ခရိုင်ပညာရေးမှူးဒေါ်စန်းစန်းဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းသိန်းနှင့် မြို့နယ်ပညာရေးမှူး ဒေါ်နော်အေးမေတို့က လိုက်လံကြည့်ရှု စစ်ဆေး အားပေးကြပြီး ပြည်မြို့နယ်၏ အဆိုပါစာစစ်ဌာနငါးခု၌ ဘာသာတွဲအလိုက် စုစုပေါင်းစာဖြေဆိုသူဦးရေစာရင်း ၁၁၉၁ ဦးရှိကြောင်းနှင့် ပြည်ခရိုင်ချုပ် စုစုပေါင်း စာဖြေဆိုသူဦးရေစာရင်း ၂၆၄၇ ဦးဖြစ်ကြောင်း တိုင်းပညာရေးမှူး(ရုံးခွဲ)မှသိရသည်။
ကိုဆက်(ပြန်/ဆက်)