တန့်ယန်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့အား စတင်ဖြေဆို

တန့်ယန်း မတ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲပထမနေ့ မြန်မာစာဘာသာအား အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း စာဖြေဌာန၌ ကျောင်းသား/ ကျောင်းသူများ မတ်လ ရက် နံနက် ၉ နာရီမှ စတင်၍ အေးချမ်းတည်ငြိမ်စွာ ဖြေဆိုနေလျက်ရှိသည်။

၂၀၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၏ တန့်ယန်းစာဖြေဌာန၌ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၁၃)ဦး စာရင်းပေးသွင်းထားရာ အတွဲ(၁)တွင် ကျောင်းသားကျောင်းသူ (၆၀)ဦး၊ အတွဲ(၇)တွင် ကျောင်းသားကျောင်းသူ(၄၂)ဦး စုစုပေါင်း ကျောင်းသားကျောင်းသူ (၁၀၂)ဦးတို့ ဝင်ရောက်ဖြေဆိုကြရာ ၉၀ ဒဿမ ၂၆ ရာခိုင်နှုန်းရှိကြောင်းနှင့် စာဖြေဌာနရှိ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းတည်ငြိမ်စွာ ဖြေဆိုနိုင်ရန် နယ်မြေခံတပ်နယ်မှ စစ်ဗျုဟာမှူး ဗိုလ်မှူးကြီး ကျော်သူဝင်းနှင့် တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိ ဌာနဆိုင်ရာအကြီးကဲများ၊ မြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းဦးနှင့် တာဝန်ရှိသူများ၏ အနီးကပ် ကြီးကြပ်မှုတို့ဖြင့် ပြည်သူ့ကျန်းမာရေးဌာန၊ ကြက်ခြေနီနှင့် မီးသတ်တပ်ဖွဲ့တို့မှ လိုအပ်သည်များကို ဆောင် ရွက်ပေးကြကြောင်း သိရသည်။                               

မင်းလွင်ဦး(ပြန်/ဆက်)