မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မုံရွာမြို့‌ပေါ်ရှိ စာစစ်ဌာန(၃)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများအား ကြည့်ရှုအားပေး

မုံရွာ မတ် ၈

မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက  စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ စာစစ်ဌာနများဖြစ်သည့် အထက (၂)အလုံ၊ အထက (၂)မုံရွာ၊ အထက(၃)မုံရွာတို့သို့ ရောက်ရှိပြီး အဆိုပါ စာစစ်ဌာန(၃)ခုတွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အေးချမ်းစွာဖြေဆိုနေကြသည့်  ကျောင်းသား၊ ကျောင်းသူများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် အဖွဲ့ဝင်များက စာစစ်ဌာန (၃)ခုမှ သက်ဆိုင်ရာ တာဝန်ရှိသူများအား တွေ့ဆုံပြီး အဆိုပါကျောင်းများတွင် လုံခြုံရေး ဆောင်ရွက်ထားရှိမှု၊ မီးဘေးကြိုတင် ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု၊ ကျန်းမာရေးစောင့်ရှောက်မှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး အေးချမ်းစွာဖြင့် ၂၀၂၃ ခုနှစ် တက္ကသိုလ်စာမေးပွဲ ဖြေဆိုနေကြသည့် ကျောင်းသား၊ ကျောင်းသူများအား ကြည့်ရှုအားပေးခဲ့သည်။

မုံရွာမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကို  အမှတ်(၂) အခြေခံပညာ စာစစ်ဌာန (အလုံ)နှင့် အမှတ်(၂) အခြေခံပညာစာစစ်ဌာန (မုံရွာ)၊  အမှတ်(၃)အခြေခံပညာစာစစ်ဌာန (မုံရွာ)တို့ကို ဖွင့်လှစ်ပြီး ဖြေဆိုရန်ဝင်ခွင့်လျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူ (၈၇၁)ဦးဖြစ်ကြောင်း၊ အလားတူ မုံရွာခရိုင် အတွင်းရှိ အရာတော်မြို အထက စာစစ်ဌာနတွင် စာဖြေဆိုမည့်သူ (၈၉)ဦးနှင့် ချောင်းဦးမြို့ အထက စာစစ်ဌာနတွင် စာဖြေဆိုမည့်သူ(၄၃)ဦးရှိကြောင်း၊ ယနေ့ ပထမနေ့တွင်  အမှတ်(၂)အခြေခံပညာစာစစ်ဌာန (အလုံ)တွင် စာရင်းရှိ (၂၄၃)ဦး၊ ဖြေဆို (၂၁၂)ဦး၊ ဖြေဆိုသည့် ရာခိုင်နှုန်း(၈၇.၂၄)ဖြစ်ပြီး ပျက်ကွက်(၃၁)ဦး ရှိကြောင်း၊ အမှတ်(၂)အခြေခံပညာ စာစစ်ဌာန (မုံရွာ)တွင် စာရင်းရှိ (၄၉၆)ဦး၊ ဖြေဆို(၃၈၉)ဦး၊ ဖြေဆိုသည့် ရာခိုင်နှုန်း (၇၈.၄၃)ဖြစ်ပြီး ပျက်ကွက် (၁၀၇)ဦးရှိကြောင်း၊ အခြေခံပညာစာစစ်ဌာန (ချောင်းဦး)တွင် စာရင်းရှိ (၄၃)ဦး၊ ဖြေဆို(၂၇)ဦး၊ ဖြေဆိုသည့် ရာခိုင်နှုန်း(၆၂.၇၉)ဖြစ်ပြီး ပျက်ကွက် (၁၆)ဦးရှိကြောင်း၊ အခြေခံပညာ စာစစ်ဌာန (အရာတော်)တွင် စာရင်းရှိ (၈၉)ဦး၊ ဖြေဆို(၇၁)ဦး၊ ဖြေဆိုသည့် ရာခိုင်နှုန်း(၇၉.၇၈)ဖြစ်ပြီး ပျက်ကွက် (၁၈)ဦးရှိကြောင်း၊ အမှတ်(၃)အခြေခံပညာစာစ်ဌာန (မုံရွာ)တွင် စာရင်းရှိ (၂၂)ဦး၊ ဖြေဆို(၁၆)ဦး၊ ဖြေဆိုသည့်ရာခိုင်နှုန်း (၂၇.၇၃)ဖြစ်ပြီး ပျက်ကွက် (၆)ဦးရှိကြောင်း မုံရွာခရိုင်ပညာ ရေးမှူးထံမှ သိရသည်။       

ခရိုင်(ပြန်/ဆက်)