မိုင်းပျဉ်းမြို့တွင် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

မိုင်းပျဉ်း မတ်  

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊  မိုင်းပျဉ်းမြို့တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ယနေ့နံနက်ပိုင်းမှစတင်၍ အေးချမ်းစွာစတင် ဖြေဆိုလျက်ရှိကြောင်း သိရှိရသည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် ယနေ့နံနက်ပိုင်းမှစတင်၍ ကျင်းပလျက်ရှိရာ မိုင်းပျဉ်းမြို့နယ်၊ အထကစာစစ်ဌာနတွင်လည်း မြန်မာစာဘာသာရပ်ကို စတင် ဖြေဆိုကြရာ ကျောင်းတွင်းဖြေဆိုသူ () ဦး၊ ကျောင်းပြင်ပဖြေဆိုသူ (၃၇) ဦး၊ စုစုပေါင်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ (၄၄) ဦးရှိပြီး ပျက်ကွက် () ဦးကြောင်း၊ အဆိုပါ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာပျော်ရွှင်စွာဖြင့် စာမေးပွဲဖြေဆိုနိုင်ရေး အတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပညာရေးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့က လုံခြုံရေး၊ ကျန်းမာရေးနှင့် အခြားလိုအပ်သည်များတို့ကို အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်/ဆက်)