ဘိုကလေးမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်အား ဖြေဆိုပြီးစီး

ဘိုကလေး မတ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထမနေ့အဖြစ် မြန်မာစာဘာသာရပ်အား ယနေ့နံနက်()နာရီအချိန်မှ စတင်၍ ဖြေဆိုခဲ့ပြီး ကျောင်းသား/သူများအနေဖြင့် ဖြေဆိုပြီးစီးခဲ့သည်။

ဘိုကလေးမြို့နယ် အနေဖြင့် မြို့ပေါ် စာစစ်ဌာန()ခုနှင့် ကျေးရွာအုပ်စုများမှ စာစစ်ဌာန()ခု၊ စုစုပေါင်း()ခုရှိပြီး စာမေးပွဲဖြေဆိုရန် စာရင်းရှိသူ ကျောင်းတွင်းဖြေ (၁၄၅)ဦးနှင့် အပြင်ဖြေ (၉၆၃)ဦး၊ စုစုပေါင်း(၁၁၀၈)ဦးရှိရာ ယနေ့ မြန်မာစာဘာသာရပ်ဖြေဆိုရာ၌ ကျောင်းတွင်းဖြေ (၁၃၈)ဦးနှင့် အပြင်ဖြေ (၈၈၉)ဦး၊ စုစုပေါင်း(၁၀၂၇)ဦး ဝင်ရောက်ဖြေဆိုသဖြင့် ပျက်ကွက်သူ (၈၁)ဦးရှိကြောင်းနှင့် ရာခိုင်နှုန်းအားဖြင့် ဖြေဆိုရာခိုင်နှုန်း (၉၂.၆၉) ရှိပြီး ပျက်ကွက်ရာခိုင်နှုန်း (.၃၁) ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျောင်းသား/သူများ ပျော်ရွှင်အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနများ၏ ပြင်ပ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များမှ ပြင်ပကြီးကြပ်သူများအဖြစ် တာဝန်ယူ ပေါင်းစပ်ဆောင်ရွက်ပေးလျက် ရှိကြောင်းလည်း သိရသည်။

မိုးစက်(ဘိုကလေး)