ရွှေတောင်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၄)ခုတွင် ကျောင်းသား၊ ကျောင်းသူ (၄၅၆)ဦး ဖြေဆို

ရွှေတောင် မတ် ၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြို့နယ်အတွင်းရှိ စာစစ်ဌာန(၄)ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ(၄၅၆)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မတ်လ(၈)ရက်နေ့မှ (၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ရွှေတောင်မြို့နယ်(အ.ထ.က) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် ကျောင်းသား(၁၃၆)ဦး၊ ကျောင်းသူ(၁၇၀)ဦး၊ ပေါင်း(၃၀၆)ဦး၊ အခြေခံပညာအထက်တန်းကျောင်း(ကျီးသဲ) စာစစ်ဌာနတွင် ကျောင်းသား(၁၅)ဦး၊ ကျောင်းသူ(၃၁)ဦး စုစုပေါင်း(၄၆)ဦးအခြေခံပညာအထက်တန်းကျောင်း(ယင်းမူကုန်း)စာစစ်ဌာနတွင် ကျောင်းသား (၂၆)ဦး၊ ကျောင်းသူ(၄၂)ဦး၊ စုစုပေါင်း(၆၈)ဦး၊ အခြေခံပညာအထက်တန်းကျောင်း(ညောင်စာရေး) စာစစ်ဌာနတွင် ကျောင်းသား(၁၀)ဦး၊ ကျောင်းသူ(၂၆)ဦး စုစုပေါင်း(၃၆)ဦး၊ တစ်မြို့နယ်လုံးအတွင်းရှိ စာစစ်ဌာန(၄)ခုတွင် ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား(၁၈၇)ဦး၊ ကျောင်းသူ(၂၆၉)ဦး၊ စုစုပေါင်း(၄၅၆)ဦးတို့မှ ဝင်ရောက်​ဖြေဆိုခဲ့ကြပြီး အဆိုပါ စာစစ်ဌာန(၄)ခုသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကျောင်းသား၊ ကျောင်းသူလေးများ စာဖြေဆိုမှုအားကြည့်ရှုစစ်ဆေးခြင်း၊ စာစစ်ဌာနလုံခြုံရေးနှင့် ကျောင်းသား၊ ကျောင်းသူ စိတ်အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကိုကိုမင်း(ပြန်/ဆက်)