မြောင်းမြမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

မြောင်းမြ မတ်လ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင် စာမေးပွဲ ပထမနေ့အဖြစ် မန်နေ့နံနက် နာရီက စာစစ်ဌာနအသီးသီးတို့၌ စတင်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူ (၁၀၄၃) ဦး အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။ 

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများ အေချမ်းစွာ ဖြေဆိုနိုင်ရေး၊ အန္တရာယ်ကင်းရှင်းစေရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက် ပေးနိုင်ရန်အတွက် ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊  ရဲတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ လိုအပ်သည်များကို ပူးပေါင်းကူညီပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြောင်းမြမြို့နယ်အတွင်းရှိ စာစစ်ဌာန()ခုဖြစ်သည့် အထက()စာစစ်ဌာနနှင့် ..က()၊ အ..က() ..က(ပြင်ရွာ) စာစစ်ဌာနတို့တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့်သူ စာရင်းရှိ (၁၁၂၉) ဦးအနက်(၁၀၄၃)ဦး ဝင်ရောက်ဖြေဆိုပြီး ပျက်ကွက်သူ (၈၆) ဦးရှိကြောင်းနှင့် ဖြေဆိုသည့်ရာခိုင်နှုန်းမှာ (၉၂ ဒဿမ ၃၈) ရာခိုင်နှုန်းရှိကြောင်း သိရသည်။ 

မြောင်းမြခရိုင် (ပြန်/ဆက်)